ရွှေဝါရောင် သံဃာ့အရေး အခင်းဖြစ်ပွားခဲ့ပြီး ဒုတိယမြောက် နှစ်ပတ်လည်လ နှင့် ၉ ဂဏန်း ၃လုံး တိုက်ဆိုင်သည့် ၉ရက် ၉လ ၂၀၀၉ နေ့တွင် သံဃာ့လှုပ်ရှားမှုများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုခ် အဆင်းလမ်း တလျှောကတွင် လက်နက်၊ ဒိုင်းများ အပြည့်အစုံဖြင့် လုံထိန်းကား တဒါဇင်ထက် မနည်းဖြင့် စောင့်ကြပ် ကြည့်ရှုနေသည်။
ရွှေတိဂုံ စေတီ တ၀ိုက်နှင့် ရွှေဂုံတိုင်လမ်း တ၀ိုက်တွင် လက်နက်ကိုင် လုံထိန်းရဲများကို အသင့် အနေအထားဖြင့် မြင်တွေ့ နေရပြီး ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင်လည်း လုံထိန်းကားတန်းများဖြင့် ကင်းလှည့်ခြင်း၊ လက်နက်ကိုင် ရဲကားများ လှည့်လည်နေခြင်းဖြင့် တစုံတရာ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သော် ချက်ခြင်း တုံ့ပြန် ဆောင်ရွက်နိုင်ရန် နအဖ အစိုးရက အသင့်ပြင်ထားသည်ကို မြင်တွေ့နေရသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
သံဃာများ ရွှေတိဂုံစေတီတော် တ၀ိုက်တွင် သွားလာသည်ကို အာဏာပိုင်တို့က မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိပြီး ရွှေဂုံတိုင်အရပ်ရှိ အန်အယ်လ်ဒီ ရုံးချုပ်မျက်နှာချင်းဆိုင်တွင်မူ လုံခြုံရေး အင်အား အများအပြား ချထားခြင်း မရှိပေ။
ရန်ကုန်မြို့ခံ အချို့ကမူ လူထုလှုပ်ရှားမှု သို့မဟုတ် သံဃာလှုပ်ရှားမှု ပေါ်ထွက်လာမလား ဆိုသည့် မျှော်လင့်ချက်များ ထားရှိကြသော်လည်း နိုင်ငံရေး အဖွဲ့အစည်း၊ သံဃာ့ အဖွဲ့အစည်းများက မည်သည့် ကြေညာချက်မျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ယနေ့ ၉ သုံးလုံးနေ့နှင့် တိုက်ဆိုင်သည့် အခြား အဖြစ်အပျက် တခုမှာ လူငယ်နှင့် လူလတ်ပိုင်း ပရိသတ် အများစု၏ ရော့ခ် အဆိုတော် အငဲ၏ ကိုး ဟုအမည်ပေးထားသည့် ၎င်း၏ ကိုးခုမြောက် တေးအယ်လ်ဘမ်ကို ရန်ကင်းရှိ Iron Cross တေးထုတ်လုပ်ရေးက ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
Saturday, September 12, 2009
၉ သုံးလုံးနေ့ လှုပ်ရှားမှု ဖြစ်မည်ကို အာဏာပိုင်တို့ စိုးရိမ်၊ ရွှေတိဂုံတ၀ိုက် လုံခြုံရေး တင်း မိုးမခအထောက်တော်၊ ရန်ကုန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment