ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သိမ်တသိမ်တွင် သံဃာအပါး (၂၀) ခန့်နှင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း ပြည်တွင်းမှ သံဃာတော်တပါးကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။
“အခုသပိတ်က တတိယအကြိမ် သပိတ်ဖြစ်ပါတယ်။ တကယ်သပိတ်ရဲ့ အောင်မြင်ခြင်းကတော့ ၁၉၉၀ သပိတ်နဲ့ ၂၀၀၇ သပိတ်တွေကတည်းက ဒါတကယ့်ကို အောင်မြင်ပြီးသားပါ။ အဲဒီသပိတ်က အခုထက်ထိ ပြန်ပြီးတော့ လှန်ရခြင်းလည်း မရှိသေးပါဘူး။ ပထမနဲ့ ဒုတိယအကြိမ်တွေမှာ မှောက်ထားတဲ့သပိတ်ကို ပြန်ပြီးတော့ ခိုင်မြဲသွားစေဖို့၊ အားလုံးကလည်း ဒီသပိတ်မလှန်ရသေးဘူးဆိုတာ သိသွားစေဖို့၊ ဆက်ပြီးအောင်အောင်မြင်မြင် ပြုလုပ်နိုင်ဖို့ကို ဦးဇင်းတို့က ထပ်ပြီးတော့ လုပ်တာပါ” ဟု အရှင်ဣဿရိယက မိန့်သည်။
ပြည်တွင်း၌ လျှို့ဝှက်ပြီး နေရာတော်တော်များများ၌လည်း သပိတ်မှောက်လိုက်သည်ဟု ပြည်တွင်းမှ သံဃာတော်များက သတင်းပါးကြောင်း၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတွေက သံဃာတော်များကလည်း အားလုံးစုပေါင်းပြီး သပိတ်မှောက် ကံဆောင်လိုက်သည့်အတွက်ကြောင့် ယနေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်အောင်မြင်သွားသည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။
ထို့ပြင် မော်လမြိုင်မြို့၌လည်း သံဃာတော်များက သပိတ်မှောက် ကံဆောင်လိုက်ကြကြောင်း သိရသည်။
khitpyaing
Sunday, October 4, 2009
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment