သဘာဝမူ
ပူလောင်မှူ၊ ဆာလောင်မှူ
ကျဉ်းကြပ်မှူ၊ အေးချမ်းမှူကို
ငိုခြင်းနဲ့သော်မျှ
ဖော်ပြခွင့်မရကြသည်
အိုင်ဒီပီကလေးများဘဝ
အမေ့ပလိုင်းတွင်း
အကျဉ်းကျနေကြတုန်း။
ရာဇဝတ်သားများစွာ
ထောင်ခါငြိမ်းခွင့်
လွှတ်ခွင့်ပေးနေတဲ့အသံ။
အပြစ်မတန်
စစ်မှန်ဒေါ်စုနဲ့
သူ့ရဲ့သဏ္ဍာန်
နိုင်ငံရေးအဖော်တွေ
သံတိုင်တွေကြား
အကျဉ်းသားဖြစ်နေတုန်း။
အပြစ်မဲ့သူတွေ
အကျဉ်းကျ။
လူသတ်ဓါးပြတွေ
ရွှေထီးဆောင်းကြ။
ဖောက်ပြန်တဲ့လောကဓံထဲ
တောင့်ခံမဲ့အမှန်တရားဘက်တော်သားမှာ
အာဏာရှင်ခြေ
သူ့သွေးတွေနဲ့ဆေးနေရတုန်း။
ဗြောင်းဆန်အောင်
ပြောင်းပြန်စီးမြစ်များ
ပြောင်းပြန်ပျံငှက်များ
ပြောင်းပြန်ဖြစ်တရားများ
ဒုက္ခမြစ်များစီးဆင်းရာ
လိုက်ပါကာစီးမျောနေရတုန်း။
ညီအစ်ကိုတို့ရေ....
ဆာလောင်မှူတွေနောက်
တကောက်ကောက်ပါသွား
လမ်းပျောက်ကာနေကြသူ
ပြည်သူများရဲ့လိုအပ်ချက်
လောကရဲ့လိုအပ်ချက်
ကျုပ်တို့တွေ ဖြည့်စွက်ကြပါစို့လား။ ။
(လင်္ကာဒီပ)
Tuesday, October 6, 2009
ပြောင်းပြန်စီင်္းမြစ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment