Sunday, August 23, 2009

"ခြည်ဖြူ" ဖွဲ့ ခဲ့ပါသလား...မိနန်း

စောကျော်ခွိ
၂၁ ဇူလိုင်၊ ၂၀၀၉

ဤဓါတ်ပုံအား စောမူယွန့် ဖောင်ဘလော့မှကူးယူသည်။


"ခြည်ဖြူ" ဖွဲ့ ခဲ့ပါသလား...မိနန်း

ဝေးကွာခဲ့တာ၊ ကာလကြာ
ဒီဝါခေါင်အစ၊ ပြန်တွေ့ ကြရင်
အရင်ကလို၊ ရွှင်ချိုအကြည့်
ငါ....မှတ်မိနိုင်ပါ့မလား။


သဲချောင်းတစ်ကမ်းစီ၊ အလီလီ
ရေကြည်ရာအစု၊ မြက်တွေနုရာ
မြေကမ္ဘာ၊ ရှာမသွားခင်လေ
တို့ တွေအကြည့်၊ ပြန်လည်သိရေး
ဂတိရှိခဲ့ကြတယ်လေ။

ပုဝါဖြူပိုင်း၊ ခေါင်းစီးသိုင်းလို့ 
ကြည့်တိုင်းမဝနိုင်၊ ပွင့်ဖူးလှိုင်တယ်
အသွေးကြွယ်၊ နန်းငယ်လေးခင်
ဟိုအရင်လို၊ အပျိုဖားဖား
လှကွက်များထပ်၊ ငါ....မှတ်မိနိုင်ပါ့မလား။

သပြေတွေသီး၊ လှေတွေစီးခဲ့
ရေကြီးဖောင်ဖောင်၊ လဝါခေါင်မှာ
ငါတို့ ဓလေ့၊ ဆုံမယ်ဟေ့လို့ 
တို့ ဆိုခဲ့ကြမဟုတ်လား။

ငါ့ဆွေမျိုးတွေ၊ မြေပြန့် မှာလား
တောင်ပေါ်သားလား၊ မေးခွန်းများ
နေများကောင်းရဲ့ ၊ လွမ်းဖွဲ့ မိသည်
သည်လဝသန်၊ လေထန်ထန်မှာ
ရောက်ရာရပ်မှ၊ ဆတ်ဆတ်ပြန်ခဲ့ကြနော်။

ပလူးလာ၊ ပလူးလာ
ပလူးလာ ဟဲကေ....။

ဒီဇမ္ဗူထဲ၊ ခြည်ဖြူပွဲဟာ
ငါတို့ ကရင်ဆိုင်၊ ပိုင်တဲ့ပွဲပါ
ငါ......မှတ်မိချင်တယ်ကွဲ့ 
ခြည်ဖြူဖွဲ့ ခဲ့ပါ....နန်းရေ။

ဝေးကွာခဲ့တာ၊ ကာလကြာ
ဒီဝါခေါင်အစ၊ ပြန်တွေ့ ကြရင်
အရင်ကလို၊ ရွှင်ချိုအကြည့်
ငါ....မှတ်မိနိုင်ပါ့မလားကွယ်...........။ ။

(လင်္ကာဒီပ)

ကရင့်သက္ကရာဇ် ၂၇၄၈ ခုနှစ် ကရင့်ရိုးရာဝါခေါင်လ ခြည်ဖြူဖွဲ့ ပွဲကို ဤကဗျာလေးနှင့် ဂုဏ်ပြုလိုက်ပါသည်။

ဆက်ဖတ်ပါရန်...

ကရင့်အလံတော်

ဆက်ဖတ်ပါရန်...

၂။ ကရင့်တော်လှန်ရေးနေ့ ဇန္န့ဝါရီ (၃၁)ရက်နေ့

၂။ ကရင့်တော်လှန်ရေးနေ့ ဇန္န့ဝါရီ (၃၁)ရက်နေ့

ကရင်အမျိုးသားများသည် လူမျိုးတမျိုးအင်္ဂါရပ်နှင့်ကိုက်ညီပြီး ယခုအခေါ် မြန်မာပြည်သို့ ပထမဦးဆုံးဝင်ရောက်လာသော လူမျိုးဖြစ်သည်။ အချို့သော လူ မျိုးများထက် နှစ်ပေါင်း (၂၀၀)ကျော်စော၍ ၀င်လာသည်။

သို့ရာတွင် မွန်၊ ဗမာ မြေရှင်ပဒေသရာဇ်စနစ်၊ မဟာလူမျိုးကြီးများ၏ ကျူး ကျော်တိုက်ခိုက် ဖိနှိပ်ညှင်းပမ်းမှုများကြောင့် တိုင်းပြည်ဆုံးရှုံးရသည်။
ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီ ကရင်ပြည်အတွက်တိုက်ပွဲဝင်သူများ

၁။ Mr Smeaton သူ့စာအုပ် The Loyal Karen Of Burma အင်္ဂလိပ်များ ကရင် အမျိုးသားများကို သီးခြားကရင်ပြည်ထူထောင်ပေးရန်။
၂။ ၁၉၂၃-၂၅ ဒေါက်တာဒါမေဖိုးမင်း ဆင်ဖြူတော်နှင့်အတူ ဗြိတိန်နှင့် အမေရိက သို့လည့်လည်၍ ကရင်များ ကရင်ပြည်ရရှိသင့်ကြောင်း ဟောပြောသည်။
၃။ ၁၉၂၈-ဆာစံစီဖိုး သူ့စာအုပ် Burma and the Karen တနင်္သာရီတိုင်းကို က ရင်ပြည်အဖြစ်အင်္ဂလိပ်က သတ်မှတ်ပေးရန် တင်ပြသည်။
၎။ ၁၉၄၅ ခုနှစ် အိန္ဒိယရောက် ကရင်တပ်မှူး (၄၀)သည် အိန္ဒိယပြည်၌ရှိနေစဉ် ဒုတိယကမ္ဘာစစ်ကြီးပြီးက အင်္ဂလိပ်များ ကရင်အမျိုးသားများအတွက် ကရင် ပြည်ပေးရန် တင်ပြတောင်းဆိုသည်။
အင်္ဂလိပ်များမြန်မာပြည်သို့ပြန်ဝင်သည့်အချိန်မှစ၍(စစ်ကြီးမပြီးသေး) ကရင်ခေါင်းဆောင်များသည် ကရင်ပြည်အတွက် ဆက်တိုက် တိုက်ပွဲဝင်ခဲ့လေ သည်။
ပဌမဆုံး-
အစည်းအဝေး ရန်ကုန်-၁၉၄၅ ခုနှစ် ဇွန် ၂၀ ရက်နေ့ မှ ဇူလိုင် (၅)ရက်နေ့။
- ဂျပန်ခေတ်မှ ဖွဲ့စည်းခဲ့သည် KCO ကို ပြန်လည်ဖွဲ့စည်းခြင်း။
- ကရင်ပြည်ကို အရ တောင်းဆိုတိုက်ပွဲဝင်မည် ဆုံးဖြတ်ခြင်း။
ယခုကဲ့သို့ ကရင်ပြည်အတွက် ပြင်းပြသောဆန္ဒများမှာ ဒုတိယကမ္ဘာစစ် ကာလအတွင်း ခါးသီးနာကျည်းဖွယ် ခံစားရချက်များနှင့် အတ္တလန်တိတ်စာချုပ် အရ လူမျိုးတိုင်း ကိုယ်ပိုင်ပြဌါန်းခွင့် ရရှိရေးမူအရ ဖြစ်သည်။
ဒုတိယ- အစည်းအဝေး ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ (၄)ရက်၊
- ကရင်ပြည်ရသည်အထိ စည်းစည်းလုံးလုံးတိုက်ပွဲဝင်သွားရန်။
- အင်္ဂလိပ်အစိုးရထံ ကရင်ပြည်တောင်းရန်။
- အင်္ဂလန်သို့ ကရင်မိတ်ဆက်အဖွဲ့လွှတ်ရန် ဆုံးဖြတ်ကြသည်။ KYO ခေါ် ကရင်လူငယ်အဖွဲ့ကို KCO ၏ လက်ရုန်းအဖြစ်ဖွဲ့စည်းသည်။ မန်း ဘခိုင်၊ မန်းဝင်းမောင်၊ စောကျော်စိန်တို့ ဦဆောင်သည်။
တတိယ- အစည်းအဝေး ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၃)ရက်မှ (၅)ရက်အထိ၊
- ရှိသမျှ ကရင်အမျိုးသားအစည်းအရုံးများ အားလုံးခေါ်ပြီး ကရင်အမျိုး သားရေးလှုပ်ရှားမှုတွင် တစုတစည်းတည်းတိုက်ပွဲဝင်နိုင်ရန် အဖွဲ့အ စည်းများ အားလုံး စုစည်းဘို့ဖြစ်သည်။ (KNU)နေ့အကြောင်းကို ကြည့် ပါ)။
- ထို့ကြောင့် KNU ကို ဖွဲ့စည်းပြီးခေါင်းဆောင်များရွေးကောက်သည်။ စောစံဖိုးသင်၊ ဦးလှဖေ၊ စောသာထို၊ မန်းဂျိမ်းထွန်းအောင်၊ မန်းဘခင်၊ စောဘဦးကြီး၊ စောသာဒင် များဖြစ်သည်။
- အောင်ဆန်းအက်တလီစာချုပ်ကို လက်မခံ။
- ဗြိတိသျှအစိုးရထံ ကရင်အမျိုးသားများ၏ လိုလားချက်များကို ပို့မည်။ အင်္ဂလိပ်အစိုးရက မတ်လ (၃၁)ရက်နေ့ နောက်ဆုံးသဘောထား အ ကြောင်းပြန်ပေးရန်။ သဘောထားမပြန်ပေးပါက လက်မခံနိုင်က တိုင်း ပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်မည်။ ကရင်ပြည် ကိုမူအရ လက်ခံရန်။ ယင်းသဘောထားများကို လက်မခံနိုင်ပါက စော ဘဦးကြီး ၀န်ကြီးရာထူးမှ နှုတ်ထွက်ရန်။
- အင်္ဂလိပ်အစိုးရထံမှ ကျေနပ်လောက်သော ပြန်ကြားချက်မရ၍ တိုင်း ပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ကရင်တမျိုးသားလုံး အောင် မြင်စွာသပိတ်မှောက်သည်။
- ၁၉၄၇ ခုနှစ် ဧပြီလ (၄)ရက်တွင် KNU အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးခေါ်သည်။ အစည်းအဝေးတွင် မန်းဘခိုင်၊ မန်းဝင်း မောင်၊ စောကျော်စိန်၊ အောင်ပ(ဟင်္သာတ) စသည့် KYO ခေါင်းဆောင် များ ထွက်သွားသည်။ စောစံဖိုးသင်လည်းလိုက်ပါသွားသည်။
- ၁၉၄၇ ခုနှစ် ဧပြီ (၁၀)ရက် KNU ပြန်လည်ဖွဲ့စည်းသည်။ စောဘဦးကြီး၊ မန်းစောဘု၊ စောသာထို၊ မန်းဂျိမ်းထွန်းအောင်၊ မန်းဘခင်၊ စောသာဒင်၊ စောဟန်တာသာမွှေး၊ စကောမောလေး၊ စောအောင်ဝင်း၊ စောစိုင်းကေ၊ ဦးဇံ၊ စောဘဲလေ၊ မန်းဘဇန်၊ မစ္စက်လူနီ တို့ကို အမှုဆောင်အဖြစ်ရွေး ချယ်လိုက်သည်။
- ၁၉၄၇ ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ KNDO ကို ဖွဲ့စည်းသည်။ (KNDO) နေ့ကို ကြည့်ပါ။)
- ၁၉၄၇ ခုနှစ် အောက်တိုဘာ (၁၀)ရက် မော်လမြိုင်ကွန်ဂရက်တွင် ကိုယ်စားလှယ် (၇၀၀)ကျော်တက်သည်။ မွန်ခေါင်းဆောင်များ ပါဝင် သည်။
- မြန်မာပြည်လွှတ်တော်တွင် ကရင်အမတ်အစစ်အမှန်မပါသဖြင့် လွှတ် တော်မှ ပြဌာန်းသည့်ဥပဒေများကို ကရင်များက လက်မခံ။
- ကရင်ပြည်အရေးကို ကမ္ဘာ့ကုလသမဂ္ဂသို့တင်ရန်။
- ကရင်ပြည်၏ အကျယ်အ၀န်းကို သတ်မှတ်သည်။
- ကရင်ပြည်သည် တနင်္သာရီတိုင်း (ဟောင်း)တတိုင်းလုံး။
- ဧရာဝတီတိုင်း တတိုင်းလုံး။
- အင်းစိန်နှင့် သာယာဝတီခရိုင်။
- ညောင်လေးပင် Subdivision (နောက်တွင် ပျဉ်းမနားတောင်တန်းဒေ သပါသည်။)
- ကရင်နှင့် မွန်ခေါင်းဆောင်များ စည်းလုံးညီညွတ်ရေးနှင့် ကရင်၊ မွန် ပြည်အတွက် လက်တွဲတိုက်ပွဲဝင်ကြရန်။
- ၁၉၄၈ ခုနှစ် ဇန္န၀ါရီ (၄)ရက်နေ့မှ မြန်မာပြည်လွတ်လပ်ရေးကို ကရင်မှ လက်မခံဘဲ ကရင့်လွတ်လပ်ရေးနေ့ကို ဇန္န၀ါရီလ (၅)ရက်နေ့တွင် ကြေငြာသည်။
- ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့၊ ကရင်အမျိုးသားထုဆန္ဒပြပွဲ။ (ကရင်အမျိုးသားနေ့ကို ကြည့်ပါ)
- ၁၉၄၈ ခုနှစ် မတ်လ (၂၈)ရက်နေ့- ဗကပ တောခိုသည်။
- ၁၉၄၈ ခုနှစ်ဇွန်လ (၁၄)ရက်နေ့၊ ဦးနုမူ (၁၅)ချက်အပေါ် ဖဆပလနှင့် ရဲဘော် PVO သဘောထားကွဲလွဲပြီး၊ PCP ပြည်သူ့ရဲဘော်အဖွဲ့တောခို သည်။
- ၁၉၄၈ ခုနှစ် သြဂုတ်လတွင် သရက်မြို့ရှိ ဗမာ့တပ်မတော် တပ်ရင်း (၁)နှင့် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော်တပ်ရင်း (၃)တောခိုသည်။ ထိုစဉ် ကရင့်လက်နက်ကိုင်တပ်များက ဖဆပလ၏ တာဝန်ပေးချက်အရ ထောက်ကြံ့၊ လှည်းကူး၊ တွံတေး၊ ရန်ကုန် စသည့်မြို့များကို လုံခြုံရေး တာဝန်ယူရသည်။
- ရန်သူ့သတင်းစာများ လူမျိုးရေး လှုံ့ဆော်မှုများ ရေးသားလာကြသည်။
- ကားဆိပ်အားလုံးတွင် ရံပုံငွေ အတင်းကောက်သည်။
- လဲဗီးတပ်ရင်းပေါင်း (၅၀)ကို ၁၉၄၈ ခုနှစ်တွင် အရဖွဲ့စည်းရန်။
- ထို့နောက် ကရင်ကျေးရွာများကို စတင်ရန်စပြီး လက်နက်များ စသိမ်း လာသည်။
- ၁၉၄၈ ခုနှစ် သြဂုတ်လ (၃၁)ရက်မှ စက်တင်ဘာလ (၁)ရက်တွင်-
- ကရင်များ မော်လမြိုင်၊ သထုံ၊ ရွှေကျင်၊ ကျောက်ကြီးများကို သိမ်းပိုက် လိုက်သည်။ ပြန်လည်စေ့စပ်၍ ကရင်များ ယင်းမြို့များကို ပြန်ပေး လိုက်သည်။
- ထို့နောက် ကရင်လက်နက်ကိုင်များထံမှ လက်နက်များကို သိမ်းပြန် သည်။
- ကရင်ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။
- ကရင်ရွာများကို စတင်တိုက်ခိုက်သည်။
- အချက်အခြာနေရာအချို့တွင် ကားတွင် စီးနင်းလိုက်ပါလာသော က ရင်များကို ဆင်းခိုင်းပြီး သတ်ပစ်သည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီ (၂၇)ရက်နေ့ ကရင်များ တောင်ငူကို သိမ်းသည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီ (၂၈)ရက်နေ့ည ဖဆပလတပ်များ ရန်ကုန်၊ အလုံ၊ စမ်းချောင်း၊ ကရင်ရပ်ကွက်များကို ၀ိုင်းဝန်းတိုက်ခိုက်၍ အိမ်အချို့မီးရှို့ မုဒိမ်းကျင့်၊ ပစ္စည်းများ လုယူသည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီလ (၃၀)ရက်နေ့တွင် KNU နှင့် KNDO ကို မတရား အသင်း ကြေငြာသည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီလ (၃၁)ရက်နေ့ KNDO ဌာနချုပ်ကို ၀ိုင်းဝန်းတိုက် ခိုက်သည့်အတွက် တပြည်လုံးရှိ ကရင်များ ပြန်လှန်ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ဖြစ်ပေါ်လာလေတော့သည်။
- မိမိတို့ကရင်များ ပြန်လည်မတိုက်လျှင် အသက်အိုးအိမ်စည်းစိမ်များ လုံ ခြုံမှုမရှိခြင်းကြောင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ပြန်လှန်တိုက် ခိုက်ရသည်။
- ကြီးမားသည့် အောင်ပွဲများကိုလည်း ပထမလ အနည်းငယ်အတွင်း ဆွတ်ခူးရရှိသည်။

ဆက်ဖတ်ပါရန်...

ကရင့်တော်လှန်ရေးနေ့ထူးနေ့မြတ်များ (အကျဉ်း) ၁

၁။ ကရင်နှစ်သစ်ကူးနေ့ (သလေလဆန်း- ၁ ရက်နေ့)
ကရင်လူမျိုးသည် လူမျိုးတမျိုးဖြစ်သည်။ လူမျိုးတမျိုးမှာ ရှိအပ်သည့် အင်္ဂါ လက္ခဏာများမှာ-
(၁) တူညီသောပြောဆိုသည့်ဘာသာစကား
(၂) တူညီသောသမိုင်း
(၃) တူညီသောယဉ်ကျေးမှုဓလေ့ထုံးစံ
(၄) တူညီသောနေထိုင်ရာနယ်မြေ
(၅) တူညီသောစီးပွားရေးစနစ်များဖြစ်သည်။


ကရင်အမျိုးသားများသည် လူမျိုးတမျိုးဖြစ်သည့်အားလျော်စွာ သီးခြားယဉ်ကျေး မှု ဓလေ့ထုံးစံများရှိသည်။ ခေတ်အဆက်ဆက်ပဒေသရာဇ်မြေရှင်များ၏ ဖိနှိပ် ကျွန်ပြုမှုများကြောင့် ကရင်အမျိုးသားများ၏ ဓလေ့ထုံးစံအတော်ပပျောက်သွား သော်လည်း ကရင်နှစ်၊ ကရင်လ၊ ကရင်နှစ်သစ်ကူးစသည့် ဓလေ့ထုံးစံများ ထိမ်း သိမ်းနိုင်ခဲ့သည်။
မြေယာလုပ်ငန်းကို လုပ်ကိုင်သူများဖြစ်သည့်အလျောက် လများကို မိမိတို့လုပ် ကိုင်သည့်ရာသီအလိုက်အလုပ်များအပေါ် အမှီပြု၍ ခေါ်ဆိုသည်ကို တွေ့ရ သည်။

စကောကရင်လများ-
(၁) သလေ (နှစ်သစ်တောင်ယာအတွက် ရှာဖွေ၊ ဓားသွေးကျောက်ချသည့်လ)
(၂) ထေးကူ (တောင်ယာခုတ်သည့်လ) (ထေးဖဲ့လည်းခေါ်သည်)
(၃) သွေးကော (အချို့က(သဲကော)တတိယလနှင့် ခုတ်ချသည့် အပင်များနေ လှန်းသည့်လ)
(၄) လါခလီး (မျိုးစေ့များစစိုက်သည့်လ (၁၅)ရက်)
(၅) ဒေညား (ဒေညား- Silies ပွင့်ဖူးသည့်လ (၁၅)ရက်)
(၆) လားခူ (စိုက်ခင်းသည်တောင်ယာစပါးများပေါက်၍ လန်းဆန်းလာသည်။ အချို့များက လါခူ-ခြောက် (ဃု)ကို ကာလရွှေ့လျော၍ ခု-ခူ ဖြစ် သွားသည်။
(၇) လားနွီး (၇ လ ပြောင်းပင်များ မုတ်ဆိတ်ကျသောလ)
(၈) လားဃို (၈ လ အချို့များက (လားဃိုး) ပြောင်းဖူးဖုတ်စားသည့်လ)
(၉) လားခူ (၉ လ ခွီးကို ကာလရွေ့လျော၍ ခူ-ခူး ဖြစ်သွားသည်။ အချို့များက (တခူ) ဖွတ်ကျသောလဟုလည်းခေါ်သည်)
(၁၀) ဆိမူ (မိုးကုန်ခါနီး နေကို နေ့အချိန်စတွေ့လာသောလ)
(၁၁) ဆိဆာ (ညအချိန်ကြယ်များ ကောင်းစွာပေါ်သောလ)
(၁၂) လားနော (နှမ်း- ရိတ်သိမ်းပြီးစုဆောင်းသည့်လ)
(၁၃) လားပလူ (နှစ်ဆုံးလ)
လပေါင်း (၁၃)လ၊ နှစ်ထပ်နှစ်ကြီးများလားခလီးနှင့် ဒေညား (၂) အ
ပြည့်စီရှိ၍ ရိုးရိုးနှစ်များတွင် ပထမလ၀က်တွင် “လားခလီး“ လဆုတ်တွင် ဒေညား
ဟုယူကြသည်။ အချို့များက လားခူ (၆)လ တလကိုမထားဘဲ၊ တနှစ် (၁၂)လ သာရှိသည်ဟုဖေါ်ပြသည်။ လ၏နာမည်ကို ကြည့်ခြင်းအားဖြင့် တနှစ် (၁၃)လက ပိုမှန်ဖြစ်သည်။ နှစ်ကြီးများတွင် လားခူကိုထားပြီး ရိုးရိုးနှစ်များတွင် (လားခူ)ကို မထည့်သူများလည်းရှိသည်။
ထိုနည်းတူစွာနေ့နာမည်များ ကရင်လိုမှည့်ခေါ်ကြသည်။ လနှင့်နေ့ များနာမည်ကို ယခင်ကရင်သတင်းစာများဖြစ်သည့် ဆာတူဂေါ်၊ ဆာတူဟားများ ၌ စောစွာကတည်းက တွေ့ရှိသည်။
သလေလသည် ပဌမလဖြစ်၍ နှစ်ဟောင်းကုန်၍ နှစ်သစ်ရောက် တိုင်း နှစ်သစ်ကူးနှစ်ကို ကျင်းပသည့်အလေ့အထရှိခဲ့သည်။ ဖါပွန်ခရိုင် (ယခင် သံလွင်ခရိုင်အရေးပိုင်)သည် ကရင်များ၏ နှစ်သစ်ကူးနှစ်ကို အသိအမှတ်ပြု၍ ဖါ ပွန်ခရိုင်အတွင်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြုလုပ်ခဲ့သည်။
မြန်မာပြည် အန္ဒိယနှင့်ခွဲသည့် ၁၉၃၇ ခုနှစ်တွင် ကရင်အမျိုးသား များလည်း (ဟိုစဉ်က)ဒေါကလူခေါ် (KNA)က ကရင့်အခွင့်အရေးများ စတင် တောင်းဆိုခဲ့သည်။ ကရင့်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်ဖြစ် သည်။
၁။ ကရင်နှစ်သစ်ကူးနေ့ကို သလေလဆန်း (၁)ရက်နေ့ ကို အားလုံးသဘောတူ ကြသည်။
၂။ သလေ (၁)ရက်သည် မြန်မာသက္ကရာဇ်အားဖြင့် ဘာနေ့လဲပြသနာမှာ အငြင်း ပွားကြသည်။ ဟိုစဉ်ခါက ဖါပွန်ဘက်တွင် ကရင်ပြက္ခဒိန်နှစ်ခုပေါ်ထွက်ခဲ့ သည်။ တခုမှာ ဖူးယာနေး ခရစ်ယာန်ဘာသာမှ ဦးစီးထုတ်သောပြက္ခဒိန်နှင့် ကျန်တခုမှာ စောမောရွှေ (မင်းနန်းနွယ်ရွာ-ဗုဒ္ဓဘာသာ)မှ ထုတ်သော ပြက္ခ ဒိန်ဖြစ်သည်။ ကရင်လွှတ်တော်အမတ်များထဲတွင် ခရစ်ယာန်ဘာသာအများ စုဖြစ်သည်ကတကြောင်း၊ လွှတ်တော်ကိုတင်ဘို့ ရက်ကပ်နေသည်ကတ ကြောင်းကြောင့် သုတေသနတိကျစွာ မလုပ်တော့ဘဲ ဖူးယာနေး၏ ပြက္ခဒိန် ကိုယူ၍ (မှီး၍)သလေသည် ပြာသိုလဖြစ်သည်ကိုအတည်ပြုပြီး စောမောင် ရွှေ (သလေလ)သည် တပို့တွဲလဖြစ်သည်ကို ပယ်လေသည်။
၃။ ကရင်နှစ်ကို ဘယ်နှစ်ကစယူမလဲပြသနာမှာ အတော်အငြင်းပွားခဲ့သည်။ အချို့က ခရစ်နှစ်အတိုင်း၊ အချို့ကကမ္ဘာ့နှစ်(ခရစ်နှစ်+ ၄၀၀၀)ကို အဆိုပြု ကြသည်။ တချို့က ကိုသာဖြူ ခရစ်ယာန်စတင်ယုံကြည်လက်ခံသည့်နေ့ကို အဆိုပြုကြသည်။ နောက်ဆုံးတွင် ကရင်အမျိုးသားများမြန်မာပြည်သို့ စ ရောက်သည့်နေ့မှအစပြု၍ အားလုံးသဘာတူကြသည်။ ထို့ကြောင့်ကရင်နှစ် ကို ခရစ်တော်မပေါ်မီ ဘီစီ- ရ၃၉ ခုနှစ်မှ အစပြုရေတွက်သည်။
၎။ ၁၉၃၈ ခုနှစ် လွှတ်တော်တွင် နှစ်သစ်ကူးနေ့ကိုအသိအမှတ်ပြုဘို့တင်သွင်း သည့် ကရင်အမတ်မှာ စောဂျွန်ဆင်ဒီဖိုးမင်း (၀ါ)ဖူးတာမူးဖြစ်သည်။
၅။ ကရင်လွှတ်တော်အမတ်များအားလုံး ကန့်ကွက်သူမရှိ၊ ထောက်ခံကြသည် သာမက မြန်မာတပြည်လုံးအတွက် ရုံးပိတ်ရက်ကြီးလည်းဖြစ်သည်။
ကရင်နှစ်သစ်ကူးနေ့ကို ကရင်အမျိုးသားများအနေနှင့် ၁၉၃၉ ခုနှစ်တွင် ပထမဆုံးအကြိမ်တရားဝင်ကျင်းပရသည်။ ခရစ်ယာန်များတက်ကြွစွာကျင်းပကြ သော်လည်း ဗုဒ္ဓဘာသာနှင့် နတ်စားကရင်တချို့က လက်မခံဘဲ ဘိုးဘွားဘီဘင် လက်ထက်က တွက်ဆကြသည့်အတိုင်း တပို့တွဲလဆန်း (၁)ရက်နေ့တွင် ကျင်း ပကြသည်။ သူတို့တွက်ဆကြသည်မှာ ပြာသိုလသည် ကရင်(လားပလူ)လဖြစ် သည်။ လုပ်ငန်းကိုင်ငန်းနှင့် မကိုက်ညီဟုလည်း အကြောင်းပြသည်။
၁၉၅၅ ခုနှစ် KRC အမြဲတမ်းကော်မတီ မိုးရာသီစည်းဝေးပွဲတွင် မူးဆိုး ကော်ကစာမှ ဦးစီးပြီး ကရင်နှစ်သစ်ကူးနေ့ သလေလဆန်း (၁)ရက်နေ့ကို တပို့ တွဲလဆန်း (၁)ရက်နေ့ဟု ပြောင်းလဲသတ်မှတ်သည်။
အကြောင်းပြချက်-
၁။ ပြာသိုလသည် (လားပလူ)လသာဖြစ်ခြင်း၊ (အရိုးကောက်လ၊ အရှောင်လ)။
၂။ ဘိုးဘွားယဉ်ကျေးမှုကို ထိန်းသိမ်းသည့် ကရင်ရှေးလူကြီးများက သလေကို တပို့တွဲဟုယူခြင်း။
၃။ ကရင်များသည် မွန်ဂိုးလီးယားမှ တရုတ်ပြည်ယူနန်ကိုဖြတ်၍ မြန်မာပြည်သို့ ရောက်သည်။ တရုတ်နှစ်သစ်ကူးနေ့သည် အများအားဖြင့် တပို့တွဲလဆန်း (၁)ရက်၊ ထို့အပြင် ဗီယက်နန်၊ ကမ္ဘောဒီးယား၊ လော အမျိုးသားများ၏ နှစ် သစ်ကူးနေ့သည် တပို့တွဲလဆန်း (၁)ရက်ဖြစ်ခြင်း။
၎။ ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း (၁)ရက်နေ့ဟုယူက ကမ္ဘာ့ပြက္ခဒိန်တ နှစ်နှစ်တွင် ကရင်နှစ်သစ်ကူးတကြိမ်မှမရှိဘဲ ဥပမာ- ၁၉၈၁ ကရင်နှစ်သစ်ကူး နှစ်ကြိမ်ရှိခြင်း၊ ၁၉၈၁ ဇန္န၀ါရီ (၆)ရက်နှင့် ဒီဇင်ဘာ (၂၆)ရက်များ ကရင့်နှစ် သစ်ကူးနေ့ဖြစ်သည်။ တပို့တွဲလဆန်း (၁)ရက်ယူပါက တနှစ်တကြိမ်သာရှိ သည်။
၁၉၇၀ ခုနှစ် အမျိုးသားကွန်ဂရက်တွင် (ရန်ကုန်အပါအ၀င်)နှင့် တောနယ် များ အထူးသဖြင့် မြစ်ဝကျွန်းပေါ်များတွင် ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း (၁)ရက်နေ့နှင့် တပို့တွဲလဆန်း (၁)ရက်နေ့ဟူ၍ (၂)မျိုးဖြစ်လေသည်။ ရွှေကျင်၊ ကျောက်ကြီးနယ်များတွင် ရှေးကတည်းက တပို့တွဲလဆန်း (၁)ရက်နေ့ကို ကရင် နှစ်သစ်ကူးနေ့အဖြစ် ကျင်းပကြသည်။
မှတ်ချက်- ယနေ့ကာလတွင် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး ပြာသိုလဆန်း (၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် ကျင်းပရမည်ဖြစ်သည်။

ဖူးစကောလယ်တော၏ သင်တန်းမှတ်စုထဲမှ ထုတ်နုတ်ယူသည်။

ဆက်ဖတ်ပါရန်...

ဒီကေဘီအေနဲႛ ကေအန်ယူ ပြန်လည်ပူးပေၝင်းဖိုႛ အလားအလာရှိ

FRA
2009-08-22

ကေအန်ယူနဲႛ ပြန်လည်ပူးပေၝင်းလိုတဲ့ ဒီကေဘီအေ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် အဖွဲ့ ဝင်တွေကို လာရောက်ပူးပေၝင်းဖိုႛ ကေအန်ယူ ကရင်အမဵိုးသား အစည်းအရုံး ခရိုင်အဆင့် အရာရှိတွေက ဖိတ်ခေၞနေတယ်လိုႛ သိရပၝတယ်၊၊

လာရောက် ပူးပေၝင်းတဲ့အခၝ ဒီကေဘီအေမြာ ထမ်းဆောင်ခဲ့တဲ့ ရာထူးတာဝန်အတိုင်း ကေအန်ယူမှာ ခန်ႛအပ် တာဝန်ပေးဖိုႛကိုလည်း ကေအန်ယူ ခရိုင်အရာရှိတွေက ကမ်းလှမ်းထားတယ်လိုႛ သိရပၝတယ်၊၊


ကေအန်ယူက ခွဲထွက်ပြီး ၁၅ နှစ်လောက်အကြာ အခဵင်းခဵင်း တိုက်ခိုက်နေကြဆဲ ဖြစ်တဲ့ ဒီကေဘီအေနဲႛ ကေအန်ယူ ပြန်လည်ပူးပေၝင်းနိုင်တဲ့ အလားအလာ ရှိမရှိ အပၝအဝင် နှစ်ဖက်ဆက်ဆံရေး နောက်ဆုံးအခြေအနေတွေနဲႛ ပတ်သက်လိုႛ ကေအန်ယူအရဲႛ ဒုတိယ ဥက္ကဌ ဖဒို ဒေးဗစ်သာကဘောနဲႛ အမည်မဖော်လိုတဲ့ ရှေ့ တန်းစစ်မဵက်နှာက တပ်မှူးအဆင့်ရှိ ဒီကေဘီအေ အရာရှိတယောက်ကို RFA ဖွဲႛသား ကိုကေဵာ်ကေဵာ်အောင်က ဆက်သယ်ြမေးမြန်းထားပၝတယ်၊၊

ကေအန်ယူ ဒုတိယဥက္ကဌ ဖဒိုဒေးဗစ်သာကပေါနှင့် ဆက်သွယ်မေးမြန်းခဵက်၊၊
http://www.rfa.org/burmese/news/Interview_with_KNU_and_DKBA_leader_over_possibility_of_reunion-08222009195236.html/B0822KYA1.mp3

ဆက်ဖတ်ပါရန်...

အှ်ဃှူ့ အှ်ဃှင်


ပြန်လည်ပေါင်းစည်းညီညွတ်ကြဖို့ တိုက်တွန်းနေပါတယ်။

ဆက်ဖတ်ပါရန်...