၂။ ကရင့်တော်လှန်ရေးနေ့ ဇန္န့ဝါရီ (၃၁)ရက်နေ့
ကရင်အမျိုးသားများသည် လူမျိုးတမျိုးအင်္ဂါရပ်နှင့်ကိုက်ညီပြီး ယခုအခေါ် မြန်မာပြည်သို့ ပထမဦးဆုံးဝင်ရောက်လာသော လူမျိုးဖြစ်သည်။ အချို့သော လူ မျိုးများထက် နှစ်ပေါင်း (၂၀၀)ကျော်စော၍ ၀င်လာသည်။
သို့ရာတွင် မွန်၊ ဗမာ မြေရှင်ပဒေသရာဇ်စနစ်၊ မဟာလူမျိုးကြီးများ၏ ကျူး ကျော်တိုက်ခိုက် ဖိနှိပ်ညှင်းပမ်းမှုများကြောင့် တိုင်းပြည်ဆုံးရှုံးရသည်။
ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီ ကရင်ပြည်အတွက်တိုက်ပွဲဝင်သူများ
၁။ Mr Smeaton သူ့စာအုပ် The Loyal Karen Of Burma အင်္ဂလိပ်များ ကရင် အမျိုးသားများကို သီးခြားကရင်ပြည်ထူထောင်ပေးရန်။
၂။ ၁၉၂၃-၂၅ ဒေါက်တာဒါမေဖိုးမင်း ဆင်ဖြူတော်နှင့်အတူ ဗြိတိန်နှင့် အမေရိက သို့လည့်လည်၍ ကရင်များ ကရင်ပြည်ရရှိသင့်ကြောင်း ဟောပြောသည်။
၃။ ၁၉၂၈-ဆာစံစီဖိုး သူ့စာအုပ် Burma and the Karen တနင်္သာရီတိုင်းကို က ရင်ပြည်အဖြစ်အင်္ဂလိပ်က သတ်မှတ်ပေးရန် တင်ပြသည်။
၎။ ၁၉၄၅ ခုနှစ် အိန္ဒိယရောက် ကရင်တပ်မှူး (၄၀)သည် အိန္ဒိယပြည်၌ရှိနေစဉ် ဒုတိယကမ္ဘာစစ်ကြီးပြီးက အင်္ဂလိပ်များ ကရင်အမျိုးသားများအတွက် ကရင် ပြည်ပေးရန် တင်ပြတောင်းဆိုသည်။
အင်္ဂလိပ်များမြန်မာပြည်သို့ပြန်ဝင်သည့်အချိန်မှစ၍(စစ်ကြီးမပြီးသေး) ကရင်ခေါင်းဆောင်များသည် ကရင်ပြည်အတွက် ဆက်တိုက် တိုက်ပွဲဝင်ခဲ့လေ သည်။
ပဌမဆုံး-
အစည်းအဝေး ရန်ကုန်-၁၉၄၅ ခုနှစ် ဇွန် ၂၀ ရက်နေ့ မှ ဇူလိုင် (၅)ရက်နေ့။
- ဂျပန်ခေတ်မှ ဖွဲ့စည်းခဲ့သည် KCO ကို ပြန်လည်ဖွဲ့စည်းခြင်း။
- ကရင်ပြည်ကို အရ တောင်းဆိုတိုက်ပွဲဝင်မည် ဆုံးဖြတ်ခြင်း။
ယခုကဲ့သို့ ကရင်ပြည်အတွက် ပြင်းပြသောဆန္ဒများမှာ ဒုတိယကမ္ဘာစစ် ကာလအတွင်း ခါးသီးနာကျည်းဖွယ် ခံစားရချက်များနှင့် အတ္တလန်တိတ်စာချုပ် အရ လူမျိုးတိုင်း ကိုယ်ပိုင်ပြဌါန်းခွင့် ရရှိရေးမူအရ ဖြစ်သည်။
ဒုတိယ- အစည်းအဝေး ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ (၄)ရက်၊
- ကရင်ပြည်ရသည်အထိ စည်းစည်းလုံးလုံးတိုက်ပွဲဝင်သွားရန်။
- အင်္ဂလိပ်အစိုးရထံ ကရင်ပြည်တောင်းရန်။
- အင်္ဂလန်သို့ ကရင်မိတ်ဆက်အဖွဲ့လွှတ်ရန် ဆုံးဖြတ်ကြသည်။ KYO ခေါ် ကရင်လူငယ်အဖွဲ့ကို KCO ၏ လက်ရုန်းအဖြစ်ဖွဲ့စည်းသည်။ မန်း ဘခိုင်၊ မန်းဝင်းမောင်၊ စောကျော်စိန်တို့ ဦဆောင်သည်။
တတိယ- အစည်းအဝေး ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ (၃)ရက်မှ (၅)ရက်အထိ၊
- ရှိသမျှ ကရင်အမျိုးသားအစည်းအရုံးများ အားလုံးခေါ်ပြီး ကရင်အမျိုး သားရေးလှုပ်ရှားမှုတွင် တစုတစည်းတည်းတိုက်ပွဲဝင်နိုင်ရန် အဖွဲ့အ စည်းများ အားလုံး စုစည်းဘို့ဖြစ်သည်။ (KNU)နေ့အကြောင်းကို ကြည့် ပါ)။
- ထို့ကြောင့် KNU ကို ဖွဲ့စည်းပြီးခေါင်းဆောင်များရွေးကောက်သည်။ စောစံဖိုးသင်၊ ဦးလှဖေ၊ စောသာထို၊ မန်းဂျိမ်းထွန်းအောင်၊ မန်းဘခင်၊ စောဘဦးကြီး၊ စောသာဒင် များဖြစ်သည်။
- အောင်ဆန်းအက်တလီစာချုပ်ကို လက်မခံ။
- ဗြိတိသျှအစိုးရထံ ကရင်အမျိုးသားများ၏ လိုလားချက်များကို ပို့မည်။ အင်္ဂလိပ်အစိုးရက မတ်လ (၃၁)ရက်နေ့ နောက်ဆုံးသဘောထား အ ကြောင်းပြန်ပေးရန်။ သဘောထားမပြန်ပေးပါက လက်မခံနိုင်က တိုင်း ပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်မည်။ ကရင်ပြည် ကိုမူအရ လက်ခံရန်။ ယင်းသဘောထားများကို လက်မခံနိုင်ပါက စော ဘဦးကြီး ၀န်ကြီးရာထူးမှ နှုတ်ထွက်ရန်။
- အင်္ဂလိပ်အစိုးရထံမှ ကျေနပ်လောက်သော ပြန်ကြားချက်မရ၍ တိုင်း ပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ကရင်တမျိုးသားလုံး အောင် မြင်စွာသပိတ်မှောက်သည်။
- ၁၉၄၇ ခုနှစ် ဧပြီလ (၄)ရက်တွင် KNU အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးခေါ်သည်။ အစည်းအဝေးတွင် မန်းဘခိုင်၊ မန်းဝင်း မောင်၊ စောကျော်စိန်၊ အောင်ပ(ဟင်္သာတ) စသည့် KYO ခေါင်းဆောင် များ ထွက်သွားသည်။ စောစံဖိုးသင်လည်းလိုက်ပါသွားသည်။
- ၁၉၄၇ ခုနှစ် ဧပြီ (၁၀)ရက် KNU ပြန်လည်ဖွဲ့စည်းသည်။ စောဘဦးကြီး၊ မန်းစောဘု၊ စောသာထို၊ မန်းဂျိမ်းထွန်းအောင်၊ မန်းဘခင်၊ စောသာဒင်၊ စောဟန်တာသာမွှေး၊ စကောမောလေး၊ စောအောင်ဝင်း၊ စောစိုင်းကေ၊ ဦးဇံ၊ စောဘဲလေ၊ မန်းဘဇန်၊ မစ္စက်လူနီ တို့ကို အမှုဆောင်အဖြစ်ရွေး ချယ်လိုက်သည်။
- ၁၉၄၇ ခုနှစ် ဇူလိုင် (၁၆)ရက်နေ့ KNDO ကို ဖွဲ့စည်းသည်။ (KNDO) နေ့ကို ကြည့်ပါ။)
- ၁၉၄၇ ခုနှစ် အောက်တိုဘာ (၁၀)ရက် မော်လမြိုင်ကွန်ဂရက်တွင် ကိုယ်စားလှယ် (၇၀၀)ကျော်တက်သည်။ မွန်ခေါင်းဆောင်များ ပါဝင် သည်။
- မြန်မာပြည်လွှတ်တော်တွင် ကရင်အမတ်အစစ်အမှန်မပါသဖြင့် လွှတ် တော်မှ ပြဌာန်းသည့်ဥပဒေများကို ကရင်များက လက်မခံ။
- ကရင်ပြည်အရေးကို ကမ္ဘာ့ကုလသမဂ္ဂသို့တင်ရန်။
- ကရင်ပြည်၏ အကျယ်အ၀န်းကို သတ်မှတ်သည်။
- ကရင်ပြည်သည် တနင်္သာရီတိုင်း (ဟောင်း)တတိုင်းလုံး။
- ဧရာဝတီတိုင်း တတိုင်းလုံး။
- အင်းစိန်နှင့် သာယာဝတီခရိုင်။
- ညောင်လေးပင် Subdivision (နောက်တွင် ပျဉ်းမနားတောင်တန်းဒေ သပါသည်။)
- ကရင်နှင့် မွန်ခေါင်းဆောင်များ စည်းလုံးညီညွတ်ရေးနှင့် ကရင်၊ မွန် ပြည်အတွက် လက်တွဲတိုက်ပွဲဝင်ကြရန်။
- ၁၉၄၈ ခုနှစ် ဇန္န၀ါရီ (၄)ရက်နေ့မှ မြန်မာပြည်လွတ်လပ်ရေးကို ကရင်မှ လက်မခံဘဲ ကရင့်လွတ်လပ်ရေးနေ့ကို ဇန္န၀ါရီလ (၅)ရက်နေ့တွင် ကြေငြာသည်။
- ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့၊ ကရင်အမျိုးသားထုဆန္ဒပြပွဲ။ (ကရင်အမျိုးသားနေ့ကို ကြည့်ပါ)
- ၁၉၄၈ ခုနှစ် မတ်လ (၂၈)ရက်နေ့- ဗကပ တောခိုသည်။
- ၁၉၄၈ ခုနှစ်ဇွန်လ (၁၄)ရက်နေ့၊ ဦးနုမူ (၁၅)ချက်အပေါ် ဖဆပလနှင့် ရဲဘော် PVO သဘောထားကွဲလွဲပြီး၊ PCP ပြည်သူ့ရဲဘော်အဖွဲ့တောခို သည်။
- ၁၉၄၈ ခုနှစ် သြဂုတ်လတွင် သရက်မြို့ရှိ ဗမာ့တပ်မတော် တပ်ရင်း (၁)နှင့် မင်္ဂလာဒုံရှိ ဗမာ့တပ်မတော်တပ်ရင်း (၃)တောခိုသည်။ ထိုစဉ် ကရင့်လက်နက်ကိုင်တပ်များက ဖဆပလ၏ တာဝန်ပေးချက်အရ ထောက်ကြံ့၊ လှည်းကူး၊ တွံတေး၊ ရန်ကုန် စသည့်မြို့များကို လုံခြုံရေး တာဝန်ယူရသည်။
- ရန်သူ့သတင်းစာများ လူမျိုးရေး လှုံ့ဆော်မှုများ ရေးသားလာကြသည်။
- ကားဆိပ်အားလုံးတွင် ရံပုံငွေ အတင်းကောက်သည်။
- လဲဗီးတပ်ရင်းပေါင်း (၅၀)ကို ၁၉၄၈ ခုနှစ်တွင် အရဖွဲ့စည်းရန်။
- ထို့နောက် ကရင်ကျေးရွာများကို စတင်ရန်စပြီး လက်နက်များ စသိမ်း လာသည်။
- ၁၉၄၈ ခုနှစ် သြဂုတ်လ (၃၁)ရက်မှ စက်တင်ဘာလ (၁)ရက်တွင်-
- ကရင်များ မော်လမြိုင်၊ သထုံ၊ ရွှေကျင်၊ ကျောက်ကြီးများကို သိမ်းပိုက် လိုက်သည်။ ပြန်လည်စေ့စပ်၍ ကရင်များ ယင်းမြို့များကို ပြန်ပေး လိုက်သည်။
- ထို့နောက် ကရင်လက်နက်ကိုင်များထံမှ လက်နက်များကို သိမ်းပြန် သည်။
- ကရင်ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။
- ကရင်ရွာများကို စတင်တိုက်ခိုက်သည်။
- အချက်အခြာနေရာအချို့တွင် ကားတွင် စီးနင်းလိုက်ပါလာသော က ရင်များကို ဆင်းခိုင်းပြီး သတ်ပစ်သည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီ (၂၇)ရက်နေ့ ကရင်များ တောင်ငူကို သိမ်းသည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီ (၂၈)ရက်နေ့ည ဖဆပလတပ်များ ရန်ကုန်၊ အလုံ၊ စမ်းချောင်း၊ ကရင်ရပ်ကွက်များကို ၀ိုင်းဝန်းတိုက်ခိုက်၍ အိမ်အချို့မီးရှို့ မုဒိမ်းကျင့်၊ ပစ္စည်းများ လုယူသည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီလ (၃၀)ရက်နေ့တွင် KNU နှင့် KNDO ကို မတရား အသင်း ကြေငြာသည်။
- ၁၉၄၉ ခုနှစ် ဇန္န၀ါရီလ (၃၁)ရက်နေ့ KNDO ဌာနချုပ်ကို ၀ိုင်းဝန်းတိုက် ခိုက်သည့်အတွက် တပြည်လုံးရှိ ကရင်များ ပြန်လှန်ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ဖြစ်ပေါ်လာလေတော့သည်။
- မိမိတို့ကရင်များ ပြန်လည်မတိုက်လျှင် အသက်အိုးအိမ်စည်းစိမ်များ လုံ ခြုံမှုမရှိခြင်းကြောင့် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ပြန်လှန်တိုက် ခိုက်ရသည်။
- ကြီးမားသည့် အောင်ပွဲများကိုလည်း ပထမလ အနည်းငယ်အတွင်း ဆွတ်ခူးရရှိသည်။
No comments:
Post a Comment