နယူးယောက် (စက်တင်ဘာ ၂၃) - အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပလျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်သမ္မတ အမာဒီနီဂျက် မိန့်ခွန်းပြောကြားစဉ် ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံအချို့မှ ကိုယ်စားလှယ်များ သပိတ်မှောက် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
အီရန်သမ္မတ၏ မိန့်ခွန်းတွင် အစ္စရေးနှင့် ဂျူးလူမျိုးများကို နိုင်ငံနှင့် လူမျိုးအမည်များ ထုတ်ဖော်ခြင်းမရှိဘဲ ပုတ်ခတ်ပြောဆိုမှုများ ပါဝင်လာသဖြင့် ပြင်သစ်နိုင်ငံ ကိုယ်စားလှယ်များမှ ဦးဆောင်ပြီး ညီလာခံပြင်ပသို့ ထွက်ခွာသွားကြခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံနှင့်အတူ အာဂျင်တီးနား၊ သြစတြေးလျ၊ ဗြိတိန်၊ ကော့စတာရီကာ၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဟန်ဂေရီ၊ အီတလီ၊ နယူးဇီလန်နှင့် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များသည်လည်း ညီလာခံမှ သပိတ်မှောက် ထွက်ခွာသွားခဲ့ကြသည်ဟု ကုလသမဂ္ဂမှ လာသော သတင်းများတွင် ဖော်ပြထားသည်။ အစ္စရေးနိုင်ငံမှ ကိုယ်စားလှယ်များမှာမူ အမာဒီနီဂျက် မိန့်ခွန်းမပြောကြားမီကတည်းက ညီလာခံမှ ထွက်ခွာနှင့်ပြီဖြစ်သည်။ ကနေဒါကိုယ်စားလှယ်များကလည်း သပိတ်မှောက်မှုများ ရှိလာနိုင်သည်ဟု အစောပိုင်းကတည်းက ပြောကြားထားခဲ့သည်။
အီရန်သမ္မတ အမာဒီနီဂျက်သည် အစ္စရေးနိုင်ငံကို ပုတ်ခတ်ဝေဖန်လေ့ရှိပြီး အီရန်သမ္မတအဖြစ် ပြီးခဲ့သော ဇွန်လအတွင်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်များဖြင့် ထပ်မံအရွေးခံခဲ့ရသည်။
Sunday, September 27, 2009
အီ၇န်သမ္မတမိန့်ခွန်းကို ကုလညီလာခံ ကိုယ်စားလှယ်အချို့ သပိတ်မှောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment